သင်တန်းဖော်ပြချက်

ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် စိုက်ပျိုးရေး‌အကြောင်းကို သင်ကြားဖူးမည်ဖြစ်သော်လည်း စိုက်ပျိုးအခြေပြုခရီးသွားလုပ်ငန်း၊ နောက်ပြန်ချိတ်ဆက်ခြင်းများ (သို့) အမွေအနှစ်ခရီးစဉ်များကို ကျွမ်းကျင်သောနည်းလမ်းဖြင့် လမ်းညွှန်ခြင်းကို သင်ကြားဖူးပါသလား။

မြန်မာနိုင်ငံ(ရှမ်းပြည်တောင်ပိုင်း)မှ အကြောင်းအရာများစုကို ဥပမာအနေဖြင့်အသုံးပြုထားသော အောက်ပါသင်ခန်းစာ-၃ ခုဖြင့် မိတ်ဆက်ပေးလိုက်ပါသည်။

စိုက်ပျိုးအခြေပြုခရီးသွားလုပ်ငန်း။     ။ သင့်အနေဖြင့် ခရီးသွားများအား လယ်ယာခြံမြေများသို့ လိုက်လံပြသပြီး လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင်စေခြင်း၊ ဒေသအစားအစာများမြည်းစမ်းစေခြင်းနှင့် လယ်သမားများနှင့် ၎င်းတို့မိသားစုဝင်များနှင့်တွေ့ဆုံစေခြင်းများပြုလုပ်ရန် စဉ်းစားကြည့်ဖူးပါသလား။ စိုက်ပျိုးအခြေပြုခရီးသွားလုပ်ငန်း (Agritourism) သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ ‌တွေ့ဆုံခြင်းပင်ဖြစ်သည်။ ခရီးသွားများအား လယ်ယာမြေများနှင့် စိုက်ပျိုး‌မြေရှုခင်းများကို လေ့လာရန်ကူ‌ညီပေးပြီး စိုက်ပျိုးတောင်သူများအနေဖြင့်လည်း ၎င်းတို့၏ ကြွယ်ဝသော စိုက်ပျိုးအမွေအနှစ်များကို မျှဝေနိုင်ရန် ကူညီပေးသည်။ ယခုသင်တန်းတိုတွင် စိုက်ပျိုးအခြေပြုခရီးသွားလုပ်ငန်းအ‌ကြောင်းနှင့် မိတ်ဆက်ပေးပြီး သင့်အတွက် မည်ကဲ့သို့ စံနမူနာဖြစ်နိုင်မည်ကို သင်ကြားပြသသွားမည်ဖြစ်ပါသည်။

ဤသင်တန်း၏အဓိကပစ်မှတ်အုပ်စုမှာ ခရီးသွားလုပ်ငန်းရှင်များ၊ လယ်သမားများနှင့် ဧည့်လမ်းညွှန်များဖြစ်ပါသည်။

 

သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်များ

သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့် ဆောင်ရွက်နိုင်မည့်အရာများမှာ..

  1. စိုက်ပျိုးအခြေပြုခရီးသွားလုပ်ငန်း။     ။ အောင်မြင်သော စိုက်ပျိုးအခြေပြုခရီးသွားလုပ်ငန်း၏ အစိတ်အပိုင်းများနှင့် ဝိသေသလက္ခဏာများကို ဖော်ထုတ်ပြီး စိုက်ပျိုးရေးခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးအလေ့အကျင့်များကို ပြန်လည်သုံးသပ်နိုင်ပါမည်။

မှတ်ချက်။      ။ ပို့ချချက်များကို ကြည့်ရှုရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် Chrome (သို့) Safari browsers များ၏ နောက်ဆုံး version ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။


သင်တန်းလက်မှတ်

သင်တန်းလိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းသားများသည် သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို အီလက်ထရောနစ် (electronic)ပုံစံဖြင့် ရရှိမည်ဖြစ်သည်။



MM
YOU WILL BE LEARNING
tourismagritourismheritagemyanmartravelfood and agriculture